ငါ့အမှား


သူပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားကို
သေချာသဘောမပေါက်ဘဲ
အယူမှားခဲ့တဲ့ငါ
စိတ်ကူးယဉ်အိပ်မက်တွေ
မက်ခဲ့မိတာ ငါ့အမှားပေါ့။

မဖြစ်နိုင်တဲ့ နင်ရဲ့သတိရခြင်းကိုမှ
တောင်းတမိတာ ငါအမှားပေါ့
ထွေးနွေးစွာနမ်းခွင့်မရှိ
ယုယစွာပိုက်ထွေးခွင့်မရနိုင်တဲ့
ဝေးကွာမှုမျိုးမှာ
နင်စကား ဘာကြွင်းကြွင်း
ယုံကြည်နေမိတဲ့ ငါအမှားပေါ့။

နင် ကျေနပ်မှာပါ ချစ်သူ.....
နင်ပြောခဲ့တယ်လေ
မဆုံနိုင်တဲ့ နင်ကိုချစ်ခဲ့မိတာ
ငါ့အမှားလို့ပေါ့။

ဟုတ်ပါတယ်
ငါလုပ်ရပ်တွေ မမှန်ကန်ခဲ့ဘူးပဲထားပါ
ဒါပေမဲ့....
၇ိုးသားစွာ ချစ်ခဲ့မိတဲ့
ငါနှလုံးသားမမှားဘူးဆိုတာ
နင်သိလာတဲ့တစ်နေ့ မှာ
ငါဆီပြန်လာချင်တယ်ဆို၇င်
ငါ့အမှားကနေနင်အမှားလို့
ငါပြန်ပြောမိလိမ့်မယ်ချစ်သူ.........

Friday, June 3, 2016

တရားမမူ့ – Civil suit
ပြစ်မူ့ – Criminal case
တရားမမူ့ ( တရားလို ) – Plaintiff
တရားမမူ့ ( တရားပြိုင် ) – Defendant
ပြစ်မူ့ ( တရားလို ) – Complainant
ပြစ်မူ့ ( တရားခံ ) – Accused
သက်သေ – Witness
မျက်မြင်သက်သေ – Eye witness
သက်သေခံ – Evidence
မမှန်သက်သေ – False evidence
အာမခံပေးခြင်း – Bail
အယူခံဝင်ခြင်း – Appeal
ဝန်ခံချက် – Admission
ဖြောင့်ချက် – Confession
အားပေးကူညီသူ – Abettor
ပူးတွဲတရားခံ – Co- accused
တရားသေလွှတ်ခြင်း – Acquittal
တရားရှင်လွှတ်ခြင်း – Discharge
စီရင်ချက် – Judgement
ဆုံးဖြတ်ချက် – Decision
စုံစံမေးမြန်းခြင်း – Investigation
စစ်ဆေးခြင်း – Examination
လူသေမူ့ – Homicide
မိမိကိုယ်ကိုယ်မိမိသတ်သေမူ့ – Suicide
လူသတ်မူ့ – Murder
ပြန်ပေးမူ့ – Kidnapping
လုယက်မူ့ – Robbery
ဓါးပြမူ့ – Dacoity
ခြောက်လှန့်တောင်းယူမူ့ – Extortion
ခိုးမူ့ – Theft
နာကျင်စေမူ့ – Hurt
လက်ရောက်မူ့ – Assault
လိမ်လည်မူ့ – Cheating
လိမ်လည်အတုပြုမူ့ – Forgery
အကျိုးဖျက်ဆီးမူ့ – Mischief
အိမ်ဖောက်ထွင်းမူ့ – House breaking
အိမ်ကျော်နင်းမူ့ – House trespass
မုဒိန်းမူ့ – Rape
မယားခိုးမူ့ – Adultery
လာဒ်စားမူ့ – Bribery
အလွဲသုံးစားပြုမူ့ – Embezzlement
တရားခံပြေး၊၀ရမ်းပြေး – Fugitive

No comments:

Post a Comment