ငါ့အမှား
သေချာသဘောမပေါက်ဘဲ
အယူမှားခဲ့တဲ့ငါ
စိတ်ကူးယဉ်အိပ်မက်တွေ
မဖြစ်နိုင်တဲ့ နင်ရဲ့သတိရခြင်းကိုမှ
တောင်းတမိတာ ငါအမှားပေါ့
ထွေးနွေးစွာနမ်းခွင့်မရှိ
ယုယစွာပိုက်ထွေးခွင့်မရနိုင်တဲ့
ဝေးကွာမှုမျိုးမှာ
နင်စကား ဘာကြွင်းကြွင်း
ယုံကြည်နေမိတဲ့ ငါအမှားပေါ့။
နင် ကျေနပ်မှာပါ ချစ်သူ.....
နင်ပြောခဲ့တယ်လေ
မဆုံနိုင်တဲ့ နင်ကိုချစ်ခဲ့မိတာ
ဟုတ်ပါတယ်
ငါလုပ်ရပ်တွေ မမှန်ကန်ခဲ့ဘူးပဲထားပါ
ဒါပေမဲ့....
၇ိုးသားစွာ ချစ်ခဲ့မိတဲ့
နင်သိလာတဲ့တစ်နေ့ မှာ
Sunday, July 27, 2014
Wednesday, July 23, 2014
ထပ်တူအချိုးကျ
မမေးနဲ့ ပြောပြပြီးသား
ရင်မှာဘယ်လောက်ချစ်ကြောင်းကို
မတွေးနဲ့ ဆုံးဖြတ်ပြီးသား
ရင်ဆိုင်သွားမယ်အားလုံးကို
မသွားနဲ့ တောင်းဆိုပြီးသား
ငါနဲ့ဝေးရာအရပ်ကို
မငြင်းနဲ့ ပေးခဲ့ပြီးသား
နားလည်မှုနဲ့ ချစ်ခြင်းကို
မဟားနဲ့ ရှုံးနိမ့်ပြီးသား
ချစ်ခြင်းအတိနဲ့ရင်ထဲကို
ဒီလို
အရာရာခွင့်လွှတ်
လက်ကျန်ကုန်အောင်ပေးထားလို့များ
ဘာမှမသိ နတ္ထိလူသား
အထင်မှား
ငါ့ချစ်သူ မင်း .. ဖောက်ပြားရင်ဖြင့်
ငါ၏ချစ်ခြင်း ပြောင်းပြန်ဆင်းလို့
အမုန်းနယ်နိမိတ်မှာ
တိတ်ဆိတ်စွာ အိပ်စက်ပစ်မယ်
ချစ်ခြင်းနဲ့ထပ်တူအချိုး ....
ဆန္ဒ( ဇင်မင်းဝင်း )
ကြင်ခွင့်မရှိချင် နေပါ
မြင်ခွင့်ရှိတော့ရှိပါရစေ
ပွေဖက်ခွူင့်မရှိချင်နေပါ
တွေရတဲ့ရက်ရှိပါရစေ
နမ်းခွင့်မရှိချင်နေပါ
လွတ်လပ်စွာ လွမ်းပါရစေ....
ချစ်သူဖြစ်ဘို့ထက်
ကိုရူးသွပ်မှု့ကို
အပြစ်လို့မယူဆရင်ကျေနပ်ပါါတယ်
ချစ်တက်လို့ ချစ်နေရတာကိုက
ငါ့အတွက်တော့
ချိုမြမြ ပျားရည်စက်လေးတွေပါ ကောင်မလေးရယ်
မြင်ခွင့်ရှိတော့ရှိပါရစေ
ပွေဖက်ခွူင့်မရှိချင်နေပါ
တွေရတဲ့ရက်ရှိပါရစေ
နမ်းခွင့်မရှိချင်နေပါ
လွတ်လပ်စွာ လွမ်းပါရစေ....
ချစ်သူဖြစ်ဘို့ထက်
ကိုရူးသွပ်မှု့ကို
အပြစ်လို့မယူဆရင်ကျေနပ်ပါါတယ်
ချစ်တက်လို့ ချစ်နေရတာကိုက
ငါ့အတွက်တော့
ချိုမြမြ ပျားရည်စက်လေးတွေပါ ကောင်မလေးရယ်
လမ်းခွဲခြင်း နှင့် ၀မ်းနည်းခြင်း
တွေးလေတိုင်း မျက်ရည်ဝိုင်း
ရင်လှိုင်းထက်က ကြင်သူရေ
သူမကြင်နာ ချန်ထားရက်လို့
ရင်မှာလေ ခံစား..ပေါက်ကွဲရင်း
ဗလောင်ဆူတဲ့ နှလုံးသားတခွင်မှာ
အလွမ်းမိုးတွေ စွေခဲ့ပြီလေ...။
တသက်တာ မထိခိုက်ဖူးတဲ့
ဖြူစင်သော မေတ္တာတွေနဲ့
လွတ်လပ်စွာ နေထိုင်ရင်း
ပန်းတစ်ပွင့်ကို
နမ်းရှိုက်မိခဲ့တယ်..
အခုတော့....
မျှော်လေတိုင်း ဝေး...
တွေးလေတိုင်း ဆွေး...
ဒဏ်ရာတွေ ရင်မှာ ခစားရင်း
ရင်လှိုင်းခတ်သံတွေ
ဒီဇင်ဘာည
ဆောင်းတစ်ညမှာ
ရာသီမဟုတ်တဲ့
မျက်ရည်မိုးစက်တွေ
ငိုချခဲ့ပြီလေ....။
ဆေးဆိုးထားတဲ့ ပန်းတစ်ပွင့်ကို
နမ်းရှိုက်မိတဲ့ အမှားတစ်ခုက
ကုစားမရတဲ့ ရောဂါတစ်ခုဖြစ်ခဲ့
အဆိပ်ရှိပါလျက် သိသိရက်နဲ့
ပြင်မရတဲ့ အနမ်းတစ်ပွင့်က
ခုံမင်တက်မက်ရင်း ခရီးဆက်
မျက်ရည်စက်နဲ့ ပူလောင်ရင်း
နှင်းစက်တွေလည်း ပျောက်ကွယ်ခဲ့ပြီလေ..။
အဖြေသိတဲ့ ပုစ္ဆာက
မျဉ်းပြိုင်နှစ်ခုကြား
စည်းမျဉ်းတွေ ကာရံရင်း
အမှတ်တစ် သင်္ခန်းစာတစ်
ပြီးဆုံးသွားခြင်း အဓိပ္ပာယ်လား...။
စည်းဝိုင်းတွေ ကာရံထား
မတူညီတဲ့ လမ်းနှစ်ခုကြား
ရွေးချယ်ခြင်း ရလာဒ်က
လမ်းခွဲခြင်းတဲ့လား...။
လမ်းခွဲခြင်း ဝမ်းနည်းခြင်း
နံရံတွေခြားလို့ ကာရံတံတိုင်းတွေ
စည်းချက်ချ.....
မညီမျှတဲ့ ဘဝပေတံက
မျဉ်းပြိုင်နှစ်ခုကြား
သင်္ခန်းစာ အသစ်တစ်ခုအတွက်
လမ်းခွဲခြင်း ရလာဒ်တဲ့လား...။
တွေးလေတိုင်း မျက်ရည်ဝိုင်း
ရင်လှိုင်းထက်က ကြင်သူရေ
သူမကြင်နာ ချန်ထားရက်လို့
ရင်မှာလေ ခံစား..ပေါက်ကွဲရင်း
ဗလောင်ဆူတဲ့ နှလုံးသားတခွင်မှာ
အလွမ်းမိုးတွေ စွေခဲ့ပြီလေ...။
တသက်တာ မထိခိုက်ဖူးတဲ့
ဖြူစင်သော မေတ္တာတွေနဲ့
လွတ်လပ်စွာ နေထိုင်ရင်း
ပန်းတစ်ပွင့်ကို
နမ်းရှိုက်မိခဲ့တယ်..
အခုတော့....
မျှော်လေတိုင်း ဝေး...
တွေးလေတိုင်း ဆွေး...
ဒဏ်ရာတွေ ရင်မှာ ခစားရင်း
ရင်လှိုင်းခတ်သံတွေ
ဒီဇင်ဘာည
ဆောင်းတစ်ညမှာ
ရာသီမဟုတ်တဲ့
မျက်ရည်မိုးစက်တွေ
ငိုချခဲ့ပြီလေ....။
ဆေးဆိုးထားတဲ့ ပန်းတစ်ပွင့်ကို
နမ်းရှိုက်မိတဲ့ အမှားတစ်ခုက
ကုစားမရတဲ့ ရောဂါတစ်ခုဖြစ်ခဲ့
အဆိပ်ရှိပါလျက် သိသိရက်နဲ့
ပြင်မရတဲ့ အနမ်းတစ်ပွင့်က
ခုံမင်တက်မက်ရင်း ခရီးဆက်
မျက်ရည်စက်နဲ့ ပူလောင်ရင်း
နှင်းစက်တွေလည်း ပျောက်ကွယ်ခဲ့ပြီလေ..။
အဖြေသိတဲ့ ပုစ္ဆာက
မျဉ်းပြိုင်နှစ်ခုကြား
စည်းမျဉ်းတွေ ကာရံရင်း
အမှတ်တစ် သင်္ခန်းစာတစ်
ပြီးဆုံးသွားခြင်း အဓိပ္ပာယ်လား...။
စည်းဝိုင်းတွေ ကာရံထား
မတူညီတဲ့ လမ်းနှစ်ခုကြား
ရွေးချယ်ခြင်း ရလာဒ်က
လမ်းခွဲခြင်းတဲ့လား...။
လမ်းခွဲခြင်း ဝမ်းနည်းခြင်း
နံရံတွေခြားလို့ ကာရံတံတိုင်းတွေ
စည်းချက်ချ.....
မညီမျှတဲ့ ဘဝပေတံက
မျဉ်းပြိုင်နှစ်ခုကြား
သင်္ခန်းစာ အသစ်တစ်ခုအတွက်
လမ်းခွဲခြင်း ရလာဒ်တဲ့လား...။
ချစ်သူဖတ်ရန်
တောကျွမ်းပါတယ်ဆိုတဲ့ မုဆိုးတွေတောင်
တခါတလေ သားကောင်အောက်မှာ ကျဆုံးတတ်တယ်
ရေပြင်နဲ့ ရင်းနှီးပြီးသား တံငါတွေတောင်
တခါတလေ လှိုင်းတပိုးအောက်မှာ ကျဆုံးတတ်တယ်
တိုက်ခိုက်စွမ်းရည် မြင့်မားတဲ့ စစ်သည်တော်တွေတောင်
တခါတလေ ရန်သူအောက်မှာ ကျဆုံးတတ်တယ်
ပါးနပ်ပါတယ်ဆိုတဲ့ လောင်းကစားဒိုင်တွေတောင်
တခါတလေ ထိုးသားအောက်မှာ ကျဆုံးတတ်တယ်
မြွေတွေနဲ့ ယဉ်ပါးပြီးသား အလိမ်ပါယ်ဆရာတွေတောင်
တခါတလေ မြွေဆိပ်အောက်မှာ ကျဆုံးတတ်တယ်
အချစ်ရေးမှာ ကျွမ်းကျင်ပါတယ်ဆိုတဲ့ ချစ်သူလည်း
ချွတ်ချော်တိမ်းပါးပြီး တခြားသူတွေရဲ. စကားတွေနဲ့
မကျဆုံးပါစေနဲ့
(၁)
ကြယ်တာရာတွေ စူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည
မေမေ့…ကို ကျွန်တော်သတိရလိုက်တာ…
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကို တောင်ပံနဲ့ တဖြန်းဖြန်းရိုက်ကြတယ်…။
လောကအတုမှာ ..လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်း ကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ…
ကျွန်တော့်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု..ဘယ်မှာလဲ
ဘယ်မှာလဲ…..။
မြူမှုန်မိုးနှင်းတွေကရွှေရောင်တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကို စောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ…။
(၂)
ကျွန်တော်မှတ်မိသမျှ…
မေမေ့မျက်လုံးဟာ ဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊နှင်းစက်တွေဖုံး
နေရောင်တွေလည်း ခါးကုန်းအောင်ရုန်းခဲ့ရပေါ့
သစ်ကိုင်းခြောက်ကြီးက မီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင် ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ…
သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကို လျှောက်နင်းခိုင်းခဲ့တယ်…။
မုသားတစ်လွှာ မာယာတစ်ထပ်၊၀တ်ရည်တစ်စက်နဲ့
အို…ခတ္တာရေ…
ပုခက်လွှဲသောလက်တွေနဲ့ ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ..ကိုယ်တိုင်က..
ကျွန်တော့်အတွက်ဆိုရင် ပုခက်ဖြစ်ပြခဲ့တယ်…။
“အမေ”အဖြစ်
စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။
(၃)
ခြေထောက်တွေက လှေကားထစ်အတိုင်းတက်သွားပြီး..
လူက..လှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာ ကိုယ်ပြန်ခိုချင်လို့်ရဘူး
ကျွန်တော့်ကို “မေမေ”ပြန်ပေးကြပါ..။
ပြက္ခဒိန်ထဲမှာ ကြယ်ပွင့်ပြရေးစရာမလိုတဲ့
သာမန်အညတရ မွန်းလွဲအိုတစ်ခုက
“မေမေ့”ကို လုသွားတယ်…။
နေပူအရပ်ရဲ့ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊လူငယ်တစ်ယောက်ရဲ့နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ်….။
လက်ဖမိုးနဲ့ဖျက်ဖျက်လက်ဖ၀ါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့ပျက်သွားမှာပါ
ဒါပေမယ့်မေမေရယ်…။
(၄)
မေမေ့မှာ
နာကျင်ခဲ့ရတဲ့ ဂန္တ၀င်သက္ကရာဇ်များ
ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ်….။
ငယ်ငယ်တည်းက
“၀”လုံးဘယ်မှာစဖတ်ရမှန်းမသိတဲ့ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်းခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး..။
မေမေ့မှာ
ဘာသာဗေဒမတူ၊ဖတ်တဲ့စာချင်းမတူ၊ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့မတူတဲ့မိတ်ဆွေတွေရှိတယ်…။
မေမေဟာ
အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့၊ယဉ်ကျေးမှုအခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ်…။
ကျွန်တော့်မေမေဟာ
သူများမေမေတွေထက်…နို့ရည်ပိုမထွက်ပါဘူး…….
ဒါပေမယ့်မျက်ရည်တော့ပိုထွက်ရင်ထွက်မယ်….
ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ..။
(၅)
ဖုန်မှုန့်ပျံ့စင်…
ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု..လင်းနို့တွေအောင်းနေပြီမေမေ..။
လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး၊သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့….။
စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း၊ရထား တစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ်..။
မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ်..။
“လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ်…
ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ်…။
ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့…။
(၆)
ဟင်းလင်းပွင့်နေတဲ့ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့
အကျီ င်္မှာကြယ်သီးတစ်လုံးလိုနေပြီ….မေမေ..။
ငယ်ငယ်ကတည်းက….
မေမေကခံတပ်လုပ်၊ကျွန်တော်ကသူရဲကောင်းလုပ်
ရန်သူတွေနဲ့ဝေေ၀ဆာဆာဓါးချင်းခုတ်ဖူးတယ်….။
ကျွန်တော့်ဘ၀တောက်လျှောက်
မေမေဟာခံတပ်ဆန်သူတစ်ယောက်ပါပဲ…
ကျွန်တော့်ဘက်မှာရပ်တည် ၊ကာကွယ်၊တိုက်ခိုက်
သူမကိုတော့..မြားအစင်းစင်းစိုက်ခဲ့တယ်…။
ကျွန်တော့်ကိုအလိုလိုက်..ကျွန်တော့်ကိုမရိုက်
ကျွန်တော့်ကိုရိုက်လည်းကျွန်တော်မငို..မေမေပဲငို..။
မေမေပြောတဲ့ကျေးလက်နီတိ
“မတတ်ဘဲမန်းရင်တစ္ဆေမုန်းလိမ့်မယ်”
ဆေးမျက်လုံးနဲ့ကြည့်….တဲ့။
(၇)
လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ်…
ကျွန်တော့်ကိုမေမေက..
ပညာလှလှတတ်စေချင်တာ..အသေအချာပေါ့..။
ကောင်းကင်ပေါ်က“လ”နဲ့ဗျည်းစာလုံးထဲက“လ”
ဘာကြောင့်မတူတာလဲ….
ကျွန်တော်နဲ့အဖော်များ
ကျောင်းတော်မှာသဘောကွဲပြားကြ..။
ကျွန်တော်ကလူပျင်း..
သစ်ပင်ခြေရင်းမှာရပ်လိုက်၊သစ်ပင်ဖျားကိုတက်လိုက်
စာမေးပွဲတွေမှာ..
အဆင့်တွေက ၁ မှ ၁၀၀ မရေရာ…။
တစတစ…
လူငယ်သီချင်း၊နှင်းဆီဓားသွား၊ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ်..။
လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ..
အိပ်မက်တွေအမြှောင်းမြှောင်းထ..
ဂမ္ဘီရလမင်းကလည်းဝိုက်အုပ်ဖြာဆင်းကျနေတော့တယ်..။
(၈)
တစ်ရက်မှာ
မြူပြာမှိုင်းမှုန်၊အိပ်မက်ကိုစောင်လိုခြုံဆဲ…
ကြယ်တွေအကုန်ကြွေတဲ့ည
ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ်…။
ကျွန်တော်….
မပျော်လေလွင့်၊ရင်အနင့်ဆုံးဆောင်း
နှင်းတွေပြောင်းပြန်စီးမျောလာ..။
မေမေဟာ…
ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကိုခြံရံစောင့်ကြပ်
အလင်းရဲ့နတ်သမီးလို..မီးအိမ်ကိုင်ပြီးစောင့်နေတယ်..။
နာကြည်းပင့်သက်၊အရက်သောက်လာတဲ့သား
အမေ့အားစကားမဆို
အမေကား..သားကိုယ်စား မျက်ရည်မဲ့စွာငို..။
သား…
ဘ၀ဆိုတာရေစီးထဲကဗေဒါ..မရေရာဘူးကွဲ့
ဒါပေမယ့်…
မျှော်လင့်ချက်ရဲ့ အရုပ်များ၊အရောင်များ၊အရိပ်များ
လွှင့်မပစ်နဲ့သိမ်းထား..
ဝိညာဉ်ရုန်းကန်တစ်နေ့မှာသူတို့ပြန်ရှင်သန်လိမ့်မယ်..။
မေမေ့စကားက
ကျွန်တော့်ရဲ့မိုးခါးရေများကို
တစ်စက်ချင်း…တစ်စက်ချင်း…တစ်စက်ချင်း..ချိုစေခဲ့..။
(၉)
ဝါဆိုပန်းခူး၊စံပယ်ဦးတို့မွှေးသက်ဝေေ၀
မုတ်သုန်လေရဲ့မှတ်တမ်း
မီးကိုလည်းကျွန်တော်နမ်းခဲ့..ရေကိုလည်းကျွန်တော်နမ်းခဲ့..။
မေမေဟာ..
ခြံထောင့်မှာဒေလီယာတွေပျိုးရင်း
မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်
သူမလည်းရင့်ကျက်ကြည်လင်နေတယ်..။
မေမေချုပ်တဲ့
ဇာမဏီရုပ်နဲ့အကျီ င်္ချည်မျှင်ကြမ်းကြမ်း
ကျွန်တော်….လမ်းမှာဝတ်ရန်..။
နွားကသူငုံ့စားတဲ့မြက်တွေကို
ဝံပုလွေတစ်ကောင်ရဲ့အော်သံကြားတယ်လို့ပြောဆိုနေဆဲ
သွားကြစို့လေ…
မုဆိုးခြေထောက်များနဲ့ ကျွန်တော်သွားရာကျွန်တော်လိုက်
လေဆန်တွေ ပစ်စလက်ခတ်တိုက်တဲ့ခင်တန်း
ပဒိုင်းပန်းတွေလည်း ဗောင်းလန်အောင်ခါရမ်းပွင့်ဝေ…။
(၁၀)
သား…
“၁။ တိမ်တွေပျံတာမိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့်တစ်ပင်ချင်းလည်းကြည့် ” တဲ့
မေမေ့ဆုတောင်းဘုရားကျောင်းမှဝတ်ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ်…(ဖိနပ်လည်းအခါခါပေါက်ခဲ့)
ညပေါင်း ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ..ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား ၊အမှားများလည်းချင်းချင်းနီ…။
ဧရာဝတီမေမေ၊ပိတောက်ပင်ဟာမေမေ
ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊နံနက်ခင်းကြေးရုပ်ဟာမေမေ…။
ခု..မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာဝင်းရှင်းပေါက်ကွဲ…နီလဲ့..
လူတဆုံး…၀ိညာဉ်တဆုံး၊အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
“မေမေ..”
(၁၁)
မေမေဟာ..နာရီသံနဲ့အိပ်၊နာရီသံနဲ့နိုး..
ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့မိန်းမမျိုးဖြစ်တယ်..။
မီးလောင်နေတဲ့ငရဲပင်ပျိုမှာ၊ပွင့်အိုလေးပမာ၊၀ါဝါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ်..။
သားငယ်ရဲ့မျက်နှာကို
အလင်္ကာလိုလည်းဖတ်၊ပုစ္ဆာလိုလည်းဖတ်
ဆိုလိုရင်းကိုချက်ချင်းရှာဖွေတွေ့တတ်တယ်..။
လင်မရှိတော့ပေမယ့်
သားငယ်အတွက်ရင်ခွင်တစ်ခုရှိတဲ့မိန်းမ
လူကန္တာရတို့ရဲ့ကျောက်တိုင်၊မြေခိုးမြေငွေ့ကိုပိုင်တယ်..။
(အလင်းပြာမှတ်ကျောက်အတွက်မင်တစ်ပေါက်ဖြစ်တယ်..)
(၁၂)
အမေမရှိတဲ့သားမှာသာ
စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ
အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ..။
မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲလို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ….အဝေးမှာ…
ကျွန်တော်က…ဟိုး…အဝေးကြီးမှာ..။
ကျန်တာတွေကတော့ဘာမှမပြောင်းလဲပါဘူး
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း၊လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ…။
အမေ့ရဲ့ခြေလို၊လက်လိုနေခဲ့တဲ့ကောင်
အမေမရှိချိန်မို့လမ်းပေါ်မှာပြန့်လို့ကျဲလို့…။
အမှားလက္ခဏာ၊အမှန်လက္ခဏာ၊ဘာနဲ့မှလာမတိုင်းတာနဲ့
“အမေ”ဆိုတာထာဝရအကန့်အသတ်မဲ့တယ်
ချစ်သောမေမေ..ကောင်းရာဘုံသို့ရောက်ပါစေ..။
(ကောင်းရာဘုံတို့၏တံခါးသည်မိခင်များအတွက်ပွင့်စေသတည်း.)
(၁၃)
နောင်…နှစ်ပေါင်းများစွာကြာရင်
မေမေ့အုတ်ဂူကို၊၀တ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်
အနက်ရောင်ကတ်ပြားမပါ၊လွမ်းသူ့ပန်းခွေမပါ
လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ….
အဲဒီလူဟာ..သားပဲပေါ့မေမေ…
ဘယ်သံသရာမှာပြန်ရှာရင်မေမေ့ကိုတွေ့နိုင်မလဲ…
ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့်…။
အမေ့ကိုယ်စား…
အမေ့ကိုယ်ပွား…
ကြယ်စင်များကိုလက်ဖ၀ါးနဲ့ပန်၊မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း
အ၀ါရောင်မီးရှူးမီးပန်းလို
“လင်း”ပြီးမှပျောက်မယ်…။
ကျွန်တော်…
မေမေ….
မာယာတောင်ခြေမှ ဒရမ်တီးသူများ၊မျက်လှည့်တီးလုံးများ
သီချင်းအကွဲအစ..တစ်ပုဒ်ပြီးဆုံးသွားပါပြီ..။
မေမေ…
ကောင်းရာသုဂတိလားပါစေ…
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
…………………………………………………….
………………………………………………..
…………………………………………..
(တာရာမင်းဝေ)
ကြယ်တာရာတွေ စူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည
မေမေ့…ကို ကျွန်တော်သတိရလိုက်တာ…
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကို တောင်ပံနဲ့ တဖြန်းဖြန်းရိုက်ကြတယ်…။
လောကအတုမှာ ..လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်း ကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ…
ကျွန်တော့်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု..ဘယ်မှာလဲ
ဘယ်မှာလဲ…..။
မြူမှုန်မိုးနှင်းတွေကရွှေရောင်တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကို စောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ…။
(၂)
ကျွန်တော်မှတ်မိသမျှ…
မေမေ့မျက်လုံးဟာ ဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊နှင်းစက်တွေဖုံး
နေရောင်တွေလည်း ခါးကုန်းအောင်ရုန်းခဲ့ရပေါ့
သစ်ကိုင်းခြောက်ကြီးက မီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင် ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ…
သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကို လျှောက်နင်းခိုင်းခဲ့တယ်…။
မုသားတစ်လွှာ မာယာတစ်ထပ်၊၀တ်ရည်တစ်စက်နဲ့
အို…ခတ္တာရေ…
ပုခက်လွှဲသောလက်တွေနဲ့ ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ..ကိုယ်တိုင်က..
ကျွန်တော့်အတွက်ဆိုရင် ပုခက်ဖြစ်ပြခဲ့တယ်…။
“အမေ”အဖြစ်
စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။
(၃)
ခြေထောက်တွေက လှေကားထစ်အတိုင်းတက်သွားပြီး..
လူက..လှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာ ကိုယ်ပြန်ခိုချင်လို့်ရဘူး
ကျွန်တော့်ကို “မေမေ”ပြန်ပေးကြပါ..။
ပြက္ခဒိန်ထဲမှာ ကြယ်ပွင့်ပြရေးစရာမလိုတဲ့
သာမန်အညတရ မွန်းလွဲအိုတစ်ခုက
“မေမေ့”ကို လုသွားတယ်…။
နေပူအရပ်ရဲ့ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊လူငယ်တစ်ယောက်ရဲ့နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ်….။
လက်ဖမိုးနဲ့ဖျက်ဖျက်လက်ဖ၀ါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့ပျက်သွားမှာပါ
ဒါပေမယ့်မေမေရယ်…။
(၄)
မေမေ့မှာ
နာကျင်ခဲ့ရတဲ့ ဂန္တ၀င်သက္ကရာဇ်များ
ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ်….။
ငယ်ငယ်တည်းက
“၀”လုံးဘယ်မှာစဖတ်ရမှန်းမသိတဲ့ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်းခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး..။
မေမေ့မှာ
ဘာသာဗေဒမတူ၊ဖတ်တဲ့စာချင်းမတူ၊ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့မတူတဲ့မိတ်ဆွေတွေရှိတယ်…။
မေမေဟာ
အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့၊ယဉ်ကျေးမှုအခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ်…။
ကျွန်တော့်မေမေဟာ
သူများမေမေတွေထက်…နို့ရည်ပိုမထွက်ပါဘူး…….
ဒါပေမယ့်မျက်ရည်တော့ပိုထွက်ရင်ထွက်မယ်….
ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ..။
(၅)
ဖုန်မှုန့်ပျံ့စင်…
ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု..လင်းနို့တွေအောင်းနေပြီမေမေ..။
လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး၊သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့….။
စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း၊ရထား တစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ်..။
မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ်..။
“လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ်…
ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ်…။
ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့…။
(၆)
ဟင်းလင်းပွင့်နေတဲ့ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့
အကျီ င်္မှာကြယ်သီးတစ်လုံးလိုနေပြီ….မေမေ..။
ငယ်ငယ်ကတည်းက….
မေမေကခံတပ်လုပ်၊ကျွန်တော်ကသူရဲကောင်းလုပ်
ရန်သူတွေနဲ့ဝေေ၀ဆာဆာဓါးချင်းခုတ်ဖူးတယ်….။
ကျွန်တော့်ဘ၀တောက်လျှောက်
မေမေဟာခံတပ်ဆန်သူတစ်ယောက်ပါပဲ…
ကျွန်တော့်ဘက်မှာရပ်တည် ၊ကာကွယ်၊တိုက်ခိုက်
သူမကိုတော့..မြားအစင်းစင်းစိုက်ခဲ့တယ်…။
ကျွန်တော့်ကိုအလိုလိုက်..ကျွန်တော့်ကိုမရိုက်
ကျွန်တော့်ကိုရိုက်လည်းကျွန်တော်မငို..မေမေပဲငို..။
မေမေပြောတဲ့ကျေးလက်နီတိ
“မတတ်ဘဲမန်းရင်တစ္ဆေမုန်းလိမ့်မယ်”
ဆေးမျက်လုံးနဲ့ကြည့်….တဲ့။
(၇)
လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ်…
ကျွန်တော့်ကိုမေမေက..
ပညာလှလှတတ်စေချင်တာ..အသေအချာပေါ့..။
ကောင်းကင်ပေါ်က“လ”နဲ့ဗျည်းစာလုံးထဲက“လ”
ဘာကြောင့်မတူတာလဲ….
ကျွန်တော်နဲ့အဖော်များ
ကျောင်းတော်မှာသဘောကွဲပြားကြ..။
ကျွန်တော်ကလူပျင်း..
သစ်ပင်ခြေရင်းမှာရပ်လိုက်၊သစ်ပင်ဖျားကိုတက်လိုက်
စာမေးပွဲတွေမှာ..
အဆင့်တွေက ၁ မှ ၁၀၀ မရေရာ…။
တစတစ…
လူငယ်သီချင်း၊နှင်းဆီဓားသွား၊ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ်..။
လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ..
အိပ်မက်တွေအမြှောင်းမြှောင်းထ..
ဂမ္ဘီရလမင်းကလည်းဝိုက်အုပ်ဖြာဆင်းကျနေတော့တယ်..။
(၈)
တစ်ရက်မှာ
မြူပြာမှိုင်းမှုန်၊အိပ်မက်ကိုစောင်လိုခြုံဆဲ…
ကြယ်တွေအကုန်ကြွေတဲ့ည
ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ်…။
ကျွန်တော်….
မပျော်လေလွင့်၊ရင်အနင့်ဆုံးဆောင်း
နှင်းတွေပြောင်းပြန်စီးမျောလာ..။
မေမေဟာ…
ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကိုခြံရံစောင့်ကြပ်
အလင်းရဲ့နတ်သမီးလို..မီးအိမ်ကိုင်ပြီးစောင့်နေတယ်..။
နာကြည်းပင့်သက်၊အရက်သောက်လာတဲ့သား
အမေ့အားစကားမဆို
အမေကား..သားကိုယ်စား မျက်ရည်မဲ့စွာငို..။
သား…
ဘ၀ဆိုတာရေစီးထဲကဗေဒါ..မရေရာဘူးကွဲ့
ဒါပေမယ့်…
မျှော်လင့်ချက်ရဲ့ အရုပ်များ၊အရောင်များ၊အရိပ်များ
လွှင့်မပစ်နဲ့သိမ်းထား..
ဝိညာဉ်ရုန်းကန်တစ်နေ့မှာသူတို့ပြန်ရှင်သန်လိမ့်မယ်..။
မေမေ့စကားက
ကျွန်တော့်ရဲ့မိုးခါးရေများကို
တစ်စက်ချင်း…တစ်စက်ချင်း…တစ်စက်ချင်း..ချိုစေခဲ့..။
(၉)
ဝါဆိုပန်းခူး၊စံပယ်ဦးတို့မွှေးသက်ဝေေ၀
မုတ်သုန်လေရဲ့မှတ်တမ်း
မီးကိုလည်းကျွန်တော်နမ်းခဲ့..ရေကိုလည်းကျွန်တော်နမ်းခဲ့..။
မေမေဟာ..
ခြံထောင့်မှာဒေလီယာတွေပျိုးရင်း
မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်
သူမလည်းရင့်ကျက်ကြည်လင်နေတယ်..။
မေမေချုပ်တဲ့
ဇာမဏီရုပ်နဲ့အကျီ င်္ချည်မျှင်ကြမ်းကြမ်း
ကျွန်တော်….လမ်းမှာဝတ်ရန်..။
နွားကသူငုံ့စားတဲ့မြက်တွေကို
ဝံပုလွေတစ်ကောင်ရဲ့အော်သံကြားတယ်လို့ပြောဆိုနေဆဲ
သွားကြစို့လေ…
မုဆိုးခြေထောက်များနဲ့ ကျွန်တော်သွားရာကျွန်တော်လိုက်
လေဆန်တွေ ပစ်စလက်ခတ်တိုက်တဲ့ခင်တန်း
ပဒိုင်းပန်းတွေလည်း ဗောင်းလန်အောင်ခါရမ်းပွင့်ဝေ…။
(၁၀)
သား…
“၁။ တိမ်တွေပျံတာမိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့်တစ်ပင်ချင်းလည်းကြည့် ” တဲ့
မေမေ့ဆုတောင်းဘုရားကျောင်းမှဝတ်ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ်…(ဖိနပ်လည်းအခါခါပေါက်ခဲ့)
ညပေါင်း ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ..ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား ၊အမှားများလည်းချင်းချင်းနီ…။
ဧရာဝတီမေမေ၊ပိတောက်ပင်ဟာမေမေ
ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊နံနက်ခင်းကြေးရုပ်ဟာမေမေ…။
ခု..မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာဝင်းရှင်းပေါက်ကွဲ…နီလဲ့..
လူတဆုံး…၀ိညာဉ်တဆုံး၊အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
“မေမေ..”
(၁၁)
မေမေဟာ..နာရီသံနဲ့အိပ်၊နာရီသံနဲ့နိုး..
ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့မိန်းမမျိုးဖြစ်တယ်..။
မီးလောင်နေတဲ့ငရဲပင်ပျိုမှာ၊ပွင့်အိုလေးပမာ၊၀ါဝါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ်..။
သားငယ်ရဲ့မျက်နှာကို
အလင်္ကာလိုလည်းဖတ်၊ပုစ္ဆာလိုလည်းဖတ်
ဆိုလိုရင်းကိုချက်ချင်းရှာဖွေတွေ့တတ်တယ်..။
လင်မရှိတော့ပေမယ့်
သားငယ်အတွက်ရင်ခွင်တစ်ခုရှိတဲ့မိန်းမ
လူကန္တာရတို့ရဲ့ကျောက်တိုင်၊မြေခိုးမြေငွေ့ကိုပိုင်တယ်..။
(အလင်းပြာမှတ်ကျောက်အတွက်မင်တစ်ပေါက်ဖြစ်တယ်..)
(၁၂)
အမေမရှိတဲ့သားမှာသာ
စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ
အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ..။
မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲလို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ….အဝေးမှာ…
ကျွန်တော်က…ဟိုး…အဝေးကြီးမှာ..။
ကျန်တာတွေကတော့ဘာမှမပြောင်းလဲပါဘူး
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း၊လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ…။
အမေ့ရဲ့ခြေလို၊လက်လိုနေခဲ့တဲ့ကောင်
အမေမရှိချိန်မို့လမ်းပေါ်မှာပြန့်လို့ကျဲလို့…။
အမှားလက္ခဏာ၊အမှန်လက္ခဏာ၊ဘာနဲ့မှလာမတိုင်းတာနဲ့
“အမေ”ဆိုတာထာဝရအကန့်အသတ်မဲ့တယ်
ချစ်သောမေမေ..ကောင်းရာဘုံသို့ရောက်ပါစေ..။
(ကောင်းရာဘုံတို့၏တံခါးသည်မိခင်များအတွက်ပွင့်စေသတည်း.)
(၁၃)
နောင်…နှစ်ပေါင်းများစွာကြာရင်
မေမေ့အုတ်ဂူကို၊၀တ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်
အနက်ရောင်ကတ်ပြားမပါ၊လွမ်းသူ့ပန်းခွေမပါ
လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ….
အဲဒီလူဟာ..သားပဲပေါ့မေမေ…
ဘယ်သံသရာမှာပြန်ရှာရင်မေမေ့ကိုတွေ့နိုင်မလဲ…
ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့်…။
အမေ့ကိုယ်စား…
အမေ့ကိုယ်ပွား…
ကြယ်စင်များကိုလက်ဖ၀ါးနဲ့ပန်၊မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း
အ၀ါရောင်မီးရှူးမီးပန်းလို
“လင်း”ပြီးမှပျောက်မယ်…။
ကျွန်တော်…
မေမေ….
မာယာတောင်ခြေမှ ဒရမ်တီးသူများ၊မျက်လှည့်တီးလုံးများ
သီချင်းအကွဲအစ..တစ်ပုဒ်ပြီးဆုံးသွားပါပြီ..။
မေမေ…
ကောင်းရာသုဂတိလားပါစေ…
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
…………………………………………………….
………………………………………………..
…………………………………………..
(တာရာမင်းဝေ)
ဝေးလွင့်ခြင်း တိမ်
နှောင်ကြိုးနွယ်၊ 
ဝေးလွင့်ခြင်း တိမ် - နှောင်ကြိုးနွယ် (ဓါတ်ပုံ - မိုက်ကယ်လ်)
ဖြူစင်ခြင်း ကောင်းကင်ယံက
ရိတ်သိမ်းခြင်း ခံလိုက်ရတဲ့ တိမ်တွေ
ငါတို့ မျက်ဝန်းမှာ
တောင်ပုံ ယာပုံပဲ
မဲညစ်လာတဲ့ မြေပြင်မှာ
နီရဲလာတဲ့ ကွင်းပြင်တွေ
တရိပ်ရိပ် ပြေးလွှားနေတဲ့ အသံ
အလင်းရဲ့သွားနှုန်းတွေ နောက်ကျန်နေခဲ့
၃၆၀ ဒီဂရီ စက်ဝန်းထဲက မေတ္တာတရားတွေ
မှန်ကန်လွန်းအားကြီးလို့ ထင်ရဲ့လေ
အခုဆို သူတို့ ကမ္ဘာ့အပြင်မှာ စုဝေးနေကြတယ်
မေမေရေ ................................
မေမေရေ ......................................
မေမေရေ ................................................
သားတို့ နို့တစ်စက်ဖိုး ကျေဖို့ အခွင့်အရေး ရပါဦးမလား
ရိတ်သိမ်းခြင်း ခံလိုက်ရတဲ့ တိမ်တွေ
ငါတို့ မျက်ဝန်းမှာ
တောင်ပုံ ယာပုံပဲ
မဲညစ်လာတဲ့ မြေပြင်မှာ
နီရဲလာတဲ့ ကွင်းပြင်တွေ
တရိပ်ရိပ် ပြေးလွှားနေတဲ့ အသံ
အလင်းရဲ့သွားနှုန်းတွေ နောက်ကျန်နေခဲ့
၃၆၀ ဒီဂရီ စက်ဝန်းထဲက မေတ္တာတရားတွေ
မှန်ကန်လွန်းအားကြီးလို့ ထင်ရဲ့လေ
အခုဆို သူတို့ ကမ္ဘာ့အပြင်မှာ စုဝေးနေကြတယ်
မေမေရေ ................................
မေမေရေ ......................................
မေမေရေ ................................................
သားတို့ နို့တစ်စက်ဖိုး ကျေဖို့ အခွင့်အရေး ရပါဦးမလား
ဘေးထွက်ဆိုးကျိုး အလွန်နည်းတဲ့ IUD
တစ်ခါ တစ်ရံမှာ လူထုထဲက လူတွေရဲ့ အထင်အမြင်တွေဟာ ကျွန်မတို့ ဆရာဝန်တွေ ထင်မှတ် မထားတဲ့ ရှုထောင့်က သံသယတွေ ဖြစ်နေတတ် ကြပါတယ်။ ဒါကလည်း ကျွန်မက လူတွေနဲ့ တစ်သားတည်း ရောနှော နွေးထွေးစွာ နေတတ်တဲ့ မိသားစု ဆရာဝန်မို့လို့ သူတို့ ရင်ထဲက သံသယကို သိခွင့်ရတာပါ။ လူတွေနဲ့ ကင်းကွာပြီး စာတွေသာထိုင်ရေးနေတဲ့ ဆရာဝန်ဆိုရင် ဒီလို သံသယတွေကို သိနိုင်မှာ မဟုတ်ပါဘူး။ အခုတော့ တကယ့်ကိုပဲ မယုံနိုင်စရာ သံသယ အတွေးတွေဟာ သူတို့ရင်ထဲမှာ ရှိနေ ကြပြန်ပါတယ်။
အဲဒီနေ့က ကျွန်မရဲ့ ဆေးခန်းမှာ ပြနေကျ အမျိုးသမီး လူနာ တစ်ယောက်က သူ့ကလေး လာပြရင်းနဲ့ သူသုံးလခံ သန္ဓေ တားဆေးထိုးနေတာ ကလေး အသက် ၃နှစ်လောက် ရှိပြီဖြစ်ကြောင်း၊ ခန္ဓာကိုယ်ကလည်း ဝလာပြီး သွေးလည်း တိုးနေကြောင်း ပြောပြပါတယ်။ ကလေးလည်း မလိုချင်သေး တော့ ဘာလုပ် ရမလဲလို့ မေးပါတယ်။
ကျွန်မလည်း နောက်က လူနာ တွေ အများကြီး ရှိလျက်ကပဲ သန္ဓေ တားနည်းတွေ အကြောင်း အကြမ်း ဖျင်းရှင်းပြပြီး သွေးတိုးတာ၊ ကိုယ် အလေးချိန်တက် တာတွေရှိနေရင် ဟော်မုန်းပါတဲ့ တားဆေးတွေ မသုံး သင့်တော့ကြောင်း၊ ဟော်မုန်းမပါတဲ့ သားအိမ်တွင်းထည့် ပစ္စည်းထည့်နည်းက အသင့်လျော်ဆုံး ဖြစ်ကြောင်း ပြောပြ ရပါတယ်။ ဒါပေမယ့် ဒီနည်းက လိင်မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါ တွေ ကိုတော့ မကာကွယ်နိုင်ကြောင်း၊ ရောဂါတွေ စိတ်မချရင်တော့ ကွန်ဒုံး သုံးနိုင်ကြောင်း သတိပေး ရပါသေး တယ်။
သူက ဒါတော့ စိတ်ချရပါတယ်။ သုံးနှစ်လုံးလည်း တားဆေးထိုးတော့ ကွန်ဒုံးသုံးခဲ့တာ မဟုတ်လို့ ခုမှ ကွန်ဒုံး လည်း မသုံးချင်ပါဘူးတဲ့၊ ဒါပေမယ့် သန္ဓေတားတဲ့ပစ္စည်း IUD ထည့်တာကို လည်း မသုံးချင်ဘူးတဲ့။
ဘာဖြစ်လို့လဲ၊ နာမှာကြောက် လို့လားဆိုတော့ ကလေး နှစ်ယောက် တောင် မွေးဖူးတာပဲ၊ မကြောက်ပါဘူး တဲ့။ ဒါဆို ဘာကို ကြောက်တာလဲလို့ မေးတော့မှ "အဲဒါက ယောကျာ်း အားနည်း စေတယ်ဆို" တဲ့။
"ဘုရားရေ" လို့သာ ကျွန်မ အံ့ဩတကြီးဖြစ်ရပါတော့တယ်။
ကျွန်မတို့ PSI က အဲဒီ IUD အကြောင်း ဆွေးနွေးပွဲတွေ လုပ်တုန်း ကတောင် လူထုထဲက တုံ့ပြန်ချက် အသံတွေ ဆွေးနွေးကြရာမှာ အဲဒီ အချက်မပါခဲ့ပါဘူး။ ခုတော့ ကျွန်မတို့ ဘယ်လိုမှ မစဉ်းစားထားတဲ့ ရှုထောင့်ကနေ လူထုဆီက အသံတစ်ခုကြားရ ပြန်ပါပြီ။ ဒါဟာ ဘာကို အခြေပြုလာ တာလဲ။ IUD နဲ့ ယောကျာ်းအားဆိုတာကို သူတို့ဘယ်လိုဆက်စပ် လိုက် ကြတာလဲ။
"ဘယ်သူက ပြောတာလဲ" ပြဿနာရဲ့ အရင်းအမြစ်ကို ခြေ ရာခံလိုက်ပါတယ်။ ဘယ်ကနေ ဘယ် လိုအကြောင်းကြောင့် ဒီလိုသတင်း တွေ ထွက်လာရတာလဲ။ IUD ဆိုတာ မိန်းမ သားအိမ်ထဲ ထည့်တဲ့ပစ္စည်း၊ ယောကျာ်းရဲ့ အားကို ဘယ်လိုသွား နည်းစေမှာလဲ။
"ဟိုလေ၊ အဲဒါကြီးကမိန်းမကိုယ် အထဲမှာရှိနေတယ်ဆိုတော့ယောကျာ်း တွေက သူတို့ကို ထိုးမိမှာလား၊ ဒဏ်ရာရမှာလားတွေးပြီး သိပ်မဆက်ဆံ ဘဲနေရာကနေ အဲဒီကိစ္စအားနည်း သွားမှာတို့၊ ဘာတို့ မဖြစ်နိုင်ဘူး လား" တဲ့။
ကြံကြံဖန်ဖန်တွေးလည်း တွေး တတ်ကြပါပေ့လို့သာ ကျွန်မ သက် ပြင်းချမိပါတယ်။ သူတို့ကို ဒီပစ္စည်း အကြောင်းရှင်းပြစဉ်အခါက Minipelvic လို့ခေါ်တဲ့ မိန်းမသားအိမ်မျိုး ပွားအင်္ဂါပုံစံ အတုလေးထဲမှာ IUD လေးထည့်ပြပြီး သေသေချာချာသရုပ် ပြ ရှင်းပြခဲ့တာ။ တချို့လည်း ရှင်းပြ တုန်းမှာ ရှက်စိတ်ကြောက်စိတ်တွေ တအားကြီးပြီး နားမလည်နိုင်ခဲ့ သလားမသိပါဘူး။ အမျိုးမျိုး တုံ့ပြန် တွေ့ကြုံရတာပါပဲ။
အခုလည်း အဲဒီ IUD ပစ္စည်း လေးက မိန်းမသားအိမ်ထဲမှာ လွတ်လွတ်ကင်းကင်း သူ့ဘာသာသူရှိနေတာ၊ လိင်ဆက်ဆံတဲ့အခါ ယောကျာ်း အင်္ဂါက မိန်းမကိုယ်ရဲ့မွေးလမ်းကြောင်း ထဲမှာပဲ ဆက်ဆံရတာမို့ အဲဒီသားအိမ် ထဲက ပစ္စည်းနဲ့ အဝေးကြီးပါ။ ဘယ်လို မှ မထိခိုက်နိုင်ပါဘူး။ ဘာအားမှ နည်း စရာလည်း မရှိပါဘူးလို့ တစ်တစ်ခွခွ တွေပြောပြီး ရှင်းပြ ရပါတော့တယ်။
မိန်းမဆိုတဲ့ သတ္တဝါခမျာလည်း အတော်သနားစရာကောင်းပါတယ်။ မိန်းမရယ်လို့ ဖြစ်လာကတည်းက အရွယ်ရောက်ရင် ရာသီဆင်းတာ၊ ကိုက်ခဲနာကျင်တာ၊ ကိုယ်ဝန်ဆောင် ရတာ၊ ကလေးမွေးရတာ ဒါတွေ အပြင် ယောကျာ်းရဲ့ အလိုကိုလည်း အချိန်အခါမရွေး လိုက်လျောရတာ၊ သားရေးသမီးရေးလည်း ရင်အုပ်မကွာ ပြုစုပျိုးထောင်ရတာ၊ အိမ်မှုကိစ္စ၊ အပြင်ကိစ္စတွေနဲ့ မနားရတာ၊ ခုခေတ် မှာ အိမ်ရှင်မရယ်လို့ အိမ်ထဲမှာတင် အေးအေးမနေရဘဲ အပြင်စီးပွားရေး လည်းပါရတာ။ အို ဒီလို အရေးအရာ တွေထဲမှာယောကျာ်းကိစ္စ တွေမှာလည်း တွေးပူပေးရတာနဲ့ဆိုတော့ ခက်တော့ ခက်သားလားလို့သာ တွေးမိပါတယ်။
ဒါပေမယ့် ဒါတွေကို အရေးမပါ တာတွေလို့လည်း လျစ်လျူရှုထားလို့ မဖြစ်ပါဘူး။ မိန်းမတွေရဲ့ ပင်ကို သဘာဝကိုက တစ်ဖက်သားကို ဂရု တစိုက် အရေးပေးတတ်တာ၊ မိခင် စိတ်ရှိတာမို့ သူတို့ဘဝင်မကျတာကိုလည်း အတင်းဇွတ်လုပ်ခိုင်းလို့ မဖြစ်ပါဘူး။ သူတို့စိတ်ထဲမှာ ကျေနပ်မှယောကျာ်းတွေကိုပါ ရှင်းပြစည်းရုံးပြီး လင်ကိုမယားက သိမ်းသွင်းအောင် မြင်နိုင်မှာပါ။
ရှေးကတည်းက ဒီ IUD နည်း လမ်းဟာ သန္ဓေတားနည်းတွေထဲမှာ တစ်လင်တစ်မယားစနစ်နဲ့ ကလေး မရအောင် ကြာရှည်တားချင်သူ လင် မယားတွေအတွက် သိပ်ကောင်းပြီး အသုံးဝင်တဲ့ နည်းလမ်းဖြစ်ခဲ့ပေမယ့် ကျန်းမာရေးပညာပေးတွေ၊ လိင်ပညာ ပေး ဆွေးနွေးချက်တွေ မကျယ်ပြန့် အားမကောင်းခဲ့လို့ လူတွေကြားမှာ အသုံးမရဲခဲ့ကြတာပါ။
ပြီးတော့လည်း ကိုယ့်ကိုယ်ထဲ ဘာပစ္စည်းကြီးထည့်ထားမှာလဲ၊ အပ် ကြီးထိုးမှာလား၊ ကတ်ကြေးကိုက်မှာ လား၊ အခွဲခံရမှာလား၊ ဒါကြီးက သား အိမ်ထဲကနေတစ်ဆင့် ကိုယ်ထဲ ရောက်သွားရင် ဘယ့်နှယ်လုပ်မလဲ စသဖြင့် အရပ်ထဲမှာ တီးတိုးခြောက် လှန့်နေခဲ့ကြပါတယ်။ တချို့ကလည်း အဲဒါ ထည့်ထားရင် အနာဖြစ်တယ်၊ ကင်ဆာဖြစ်တယ် အို စုံနေတာပ၊ဲ မဟုတ်တဲ့သတင်းဆိုတာ ပိုများ ပျံ့နှံ့ လွယ်သလားလို့တောင်ထင်မိပါတယ်။
လူတွေရဲ့ သဘောကလည်း တစ်ခုခုကောင်းကြောင်းကြုံရရင် အဲဒီ သတင်းကို လူ ၂ ယောက်လောက် ကိုပဲ ပြောပြပြီး၊ တစ်ခုခု အဆင်မပြေ တာကြုံရရင်တော့ အဲဒီသတင်းကို လူ ၂၀ လောက်ကို ပြန်ပြောတတ်ပါတယ် လို့ သုတေသနတစ်ခုက ဆိုထားပါ တယ်။ ဆိုလိုတာက လူတွေဟာ ကောင်းကြောင်းထက် ဆိုးတာတွေကို ပိုသတင်းဖြန့်တတ်ပါတယ်တဲ့။
နောက်ပြီး အဲဒီလို သတင်းဖြန့် ရာမှာလည်း အခြေအမြစ် မစုံစမ်းဘဲ ဟုတ်၊ မဟုတ် မသေချာဘဲ ယုံလွယ် တတ်ကြပါတယ်။ ကိုယ်သေသေချာချာ မသိတဲ့ ဆိုးသတင်းတစ်ခုကိုလည်း လူအများဆီ ပြန်လည် ဖြန့်ဝေဖို့ ဝန်မလေးကြပါဘူး။ တစ်ခုခု မကောင်းကြောင်းဆိုရင် ပိုလို့ စိတ်ဝင်စားတတ် ကြပါတယ်။ တစ်ခုခု အဆင်ပြေသွား ရင်တော့ သိပ်သတင်းမဖြန့် ချင်ကြပါဘူး။ ဒီလို လူ့သဘောသဘာဝဟာ ကိုယ်နဲ့ မရင်းနှီးသေး၊ မတွေ့ကြုံရ သေးတဲ့ တစ်ခုခုအပေါ်မှာ ပိုလို့ သံသယထားပြီး လှည့်ပတ်တွေးတတ် ကြပါတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ အစိမ်းသက်သက် ဖြစ်နေတဲ့ကိစ္စတစ်ခု အပေါ်မှာ တစ်ခုလောက်အဆင်မပြေ တာ ကြားရတာနဲ့ ဟုတ်မှာပါပဲလို့ လည်း အလွယ်မှတ်ယူတတ်ကြပါ တယ်။ ပြီးတော့ တတ်သိနားလည်တဲ့ သူ ပြောစကားထက် အခမဲ့ အကြံပေး တဲ့ အရပ်ထဲက နီးစပ်ရာစကားတွေကို ပိုအာရုံစိုက်တတ်ကြပါတယ်။ နောက် ပြီး ကိုယ်ခင်မင်ယုံကြည်တဲ့သူရဲ့ ပြော စကားကို ပိုလို့ ယုံမှတ်လိုက်နာတတ် ကြပါတယ်။ စကားနားထောင်တဲ့ နေရာမှာ ကြောက်လို့ နားထောင်ရ တာထက် ကိုယ့်စိတ်ထဲက သဘောကျ ယုံကြည်တဲ့သူ ပြောစကားဟာ ပိုလွှမ်း မိုးတတ်ပါတယ်။ အခု IUD ကိစ္စမှာလည်း ရှေးတုန်း ကတည်းက တိုးတိုးသတင်းအဖြစ်ပဲ ရှိပြီး သိပ်မကျယ်ပြန့်ခဲ့တဲ့၊ ပညာပေး ဖြန့်ဝေမှု အားနည်းခဲ့တဲ့ အဖြစ်ကနေ အခုအခါမှာ နည်းပညာတွေကလည်း တိုးတက်ကောင်းမွန်၊ ပစ္စည်းတွေက လည်း တီထွင်အသုံးချမှု ပိုအဆင်ပြေ၊ မီဒီယာတွေရဲ့ လွှမ်းမိုးမှုကလည်း အချိန်အခါလိုက် အရှိန်ကောင်းချိန်၊ နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေ ကလည်း ကျယ်ပြန့်ခိုင်မာလာချိန်မှာ လူထုအတွက် အကျိုးရှိပြီး အသုံးဝင်တဲ့ ဒီသန္ဓေတားနည်းပညာတစ်ခုဟာ လူထုထဲကို ထိုးဖောက်ဝင်ရောက် နေရာယူနိုင်ပါပြီ။
ကျွန်မတို့ ဆေးပညာဟောပြော ပွဲတစ်ခုမှာတောင် သားဖွားမီးယပ် ပညာရှင်ကြီးတစ်ဦးက ဟိုတုန်းကတည်းက ဒီ IUD ကိစ္စကို သင့်တော်သူတွေ အများကြီးရှိလို့ သုံးခဲ့စေချင်တာကို ဘယ်လိုမှ စည်းရုံးပညာပေးလို့ မရခဲ့ဘူး။ အခုတော့လည်း ကြော်ငြာခေတ်မို့လား မသိဘူး။ ဒီ IUD ကို ထည့်ချင်သူတွေ၊ စိတ်ဝင်စားသူတွေ အတော်များလာသား။ ဒါ ကြောင့်လည်း မီဒီယာဆိုတာ အရေး ကြီးတာပဲလို့ ပြောသွားပါသေးတယ်။
မီဒီယာရဲ့ လှုံ့ဆော်မှု၊ ကျန်းမာ ရေးဝန်ထမ်းတွေရဲ့ ပညာပေးဖြန့်ဝေ မှုတွေဟာ တကယ်တော့ ပြည်သူတွေ အတွက်ပါပဲ။ ပြည်သူတွေအတွက် ဘယ်ဟာ အသုံးဝင်မလဲ၊ ဘယ်ဟာ အကျိုးရှိမလဲ စတာတွေကို ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေက ပြင်ပ အနှောင့်အယှက်လာဘ်ပေးလာဘ်ယူမှု ကင်းကင်းနဲ့ သမာသမတ်ကျစွာ ဖြန့် ဝေစည်းရုံးနေရမှာပါပဲ။
အထူးသဖြင့် ကျွန်မတို့လို ဆရာဝန်အဖြစ် ပြည်သူ့ကျန်းမာရေးအတွက် ဆေးလည်းကု၊ ပြည်သူ့ကျန်းမာရေး ဗဟုသုတ ပညာပေးလည်း ရေးသားနေတဲ့ ဆရာဝန်စာရေးဆရာတွေရဲ့ အခန်းကဏ္ဍဟာ ပိုလို့ ကြီးမား ကျယ် ပြန့်လာပါပြီ။
အခုပဲ ကျွန်မတို့ တွေးထင်မထားတဲ့ ရှုထောင့်ကနေ သံသယ ဖြစ်နေတဲ့ ကိစ္စတစ်ခုကို ပြည်သူတွေထဲကနေ ကြားလိုက်ရလို့ အကျိုးသင့်အကြောင်း သင့် ပြန်လည် ရှင်းလင်း ပြောပြနိုင်ခဲ့ပါ တယ်။ ဒီ IUD ဟာ ယောကျာ်း အတွက်ရော၊ မိန်းမအတွက်ပါ ဘယ်လိုမှ၊ ဘာအားကိုမှ မနည်းစေ ပါဘူး။ လိင်ဆက်ဆံမှုကိုလည်း ဘာ အနှောင့်အယှက်မှ မဖြစ်ပါဘူး။ ယောကျာ်းကို ထိခိုက်မှာတို့၊ ကြိုးစစူး မှာတို့ မဖြစ်ပါဘူးလို့ ရှင်းပြရပါတယ်။
တစ်ခုပဲ၊ တစ်ခါတလေ မိန်းမ သားအိမ်လျောကျတာတို့၊ ဘေးကကြွက်သားတင်းအားလျော့ကျလာတာ တို့နဲ့ ကြုံရင် သားအိမ်ခေါင်းဝထိပ် ကလေးမှာရှိနေတဲ့ IUD ကြိုးစလေး က လာထိနေတတ်တယ်။ တစ်ခါ တလေ IUD ထည့်ရာမှာ မကျွမ်းကျင် သေးလို့ ကြိုးစဖြတ်တဲ့အခါ ရှည်နေ တာတွေဖြစ်ခဲ့ရင် ယောကျာ်းကလည်း လိင်တံရှည်လွန်းရင် ကြိုးစစူးတာမျိုး ကြားရတတ်ပါတယ်။ ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲပါ။ အဲဒီအခါမှာလည်း ကြိုးစပြန်ညှိပေးရင် အဆင်ပြေသွား တတ်ပါတယ်။ ထပ်လည်း အကုန် အကျမရှိ၊ ပြဿနာ မရှိပါဘူး။ ကျွန်မတို့က အဲဒီ IUD ကိစ္စမှာ ကာယကံရှင် မိန်းမတွေကိုချည်း ရှင်းပြပေးလိုက်ပေ မယ့် မိန်းမတွေက သဘောတူပြီး ထည့် မယ်လုပ်တဲ့အခါမှာ အချို့ယောကျာ်း တွေက သူတို့ မိန်းမတွေကိုယ်ထဲမှာ ရှုပ်ရှုပ်ယှက်ယှက် ဘာတွေဖြစ်နေမှာ လဲဆိုပြီး သဘောမတူတာတွေ ရှိ တတ်ကြပါတယ်။ ဒါကိုတော့ ကျွန်မ က အမျိုးသမီးဆရာဝန်မို့လား မသိဘူး။ ယောကျာ်းတွေဘက်က ဘယ်လိုသဘောထားရှိတယ်ဆိုတဲ့ အသံတွေ မကြားရပါဘူး။ ဖြစ်နိုင်မယ ဆိုရင်တော့ ဒီ IUD ကိစ္စကို လင်မယား နှစ်ယောက်လုံးကို အတူရှင်းပြပေးရင် အကောင်းဆုံး ဖြစ်မှာပါ။ နောက်ပြီး အိမ်မှာ ဩဇာ လွှမ်းမိုးလေ့ ရှိတဲ့ မိဘ၊ ယောက္ခမတွေ၊ မိကြီးမိလေးတွေကို အကျိုးအကြောင်း ရှင်းပြပေးနိုင်ရင် ပို ကောင်းမှာပါပဲ။
အခုတော့ ကျွန်မတို့ကို လာတိုင် ပင်တဲ့ အမျိုးသမီးတွေကိုသာ ရှင်းပြ အသိပေး နေရပါသေးတယ်။ ဟော်မုန်း မပါဘဲ ဘေးထွက် ဆိုးကျိုး အလွန်နည်း တဲ့ နှစ်ရှည် သန္ဓေတား နည်းတစ်မျိုးရဲ့ အသုံးဝင်မှု တစ်ခုကို ခံစားခွင့်ရှိတဲ့ စုံတွဲတွေအတွက် ထိရောက်ကျယ်ပြန့် စွာ အသုံးချကြဖို့၊ အားလုံးက နား လည်လက်ခံ လာစေဖို့သာ ဆန္ဒပြု လိုက်ရပါတော့တယ်။
အမရာ(ဆေး) - ဘေးထွက်ဆိုးကျိုး အလွန်နည်းတဲ့ IUD
အလွမ်းကဗျာအနမ်းလေးပေးပြီး တယုတယအကြည့်လေးနဲ့ ကျောပေးထွက်ခွာခိုက်မှာ ဆို့နစ်စွာကျန်ရစ်ခဲ့စဉ်.............. ဘဝအတွက်ဆိုတဲ့အသိနဲ့ အပြုံးလေးနဲ့ငေးရင်း အမောပြေသံစဉ်နားဆင်တော့ မွန်းကြပ်စွာလွမ်းမောမိတယ်......... တဖဝါးမှမခွာချင်ဘူး အမြဲတမ်းလဲမလွမ်းနိုင်လို့ အနားမှာနေပေးပါဆို လွန်မယ်ထင်အတွေးနဲ့ တိတ်တိတ်လေးလွမ်းနေတယ်...
Subscribe to:
Posts (Atom)

