ငါ့အမှား


သူပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားကို
သေချာသဘောမပေါက်ဘဲ
အယူမှားခဲ့တဲ့ငါ
စိတ်ကူးယဉ်အိပ်မက်တွေ
မက်ခဲ့မိတာ ငါ့အမှားပေါ့။

မဖြစ်နိုင်တဲ့ နင်ရဲ့သတိရခြင်းကိုမှ
တောင်းတမိတာ ငါအမှားပေါ့
ထွေးနွေးစွာနမ်းခွင့်မရှိ
ယုယစွာပိုက်ထွေးခွင့်မရနိုင်တဲ့
ဝေးကွာမှုမျိုးမှာ
နင်စကား ဘာကြွင်းကြွင်း
ယုံကြည်နေမိတဲ့ ငါအမှားပေါ့။

နင် ကျေနပ်မှာပါ ချစ်သူ.....
နင်ပြောခဲ့တယ်လေ
မဆုံနိုင်တဲ့ နင်ကိုချစ်ခဲ့မိတာ
ငါ့အမှားလို့ပေါ့။

ဟုတ်ပါတယ်
ငါလုပ်ရပ်တွေ မမှန်ကန်ခဲ့ဘူးပဲထားပါ
ဒါပေမဲ့....
၇ိုးသားစွာ ချစ်ခဲ့မိတဲ့
ငါနှလုံးသားမမှားဘူးဆိုတာ
နင်သိလာတဲ့တစ်နေ့ မှာ
ငါဆီပြန်လာချင်တယ်ဆို၇င်
ငါ့အမှားကနေနင်အမှားလို့
ငါပြန်ပြောမိလိမ့်မယ်ချစ်သူ.........

Tuesday, April 9, 2013


လင်းလက်ခွင့်မရှိတော့တဲ့
ကောင်းကင်ထက်ကကြယ်တစ်ပွင့်လို
နက္ခတ်မှားခဲ့  ငါ့နှလုံးသားလည်း
မရုန်းထွက်နိုင်တဲ့ သမုဒယကျော့ကွင်းမှာ
ညွတ်ကွင်း  မိခဲ့ပေါ့။
ချရေးလို့မရတဲ့ဝါကျတွေကို
ရင်ထဲမှာမြိုသိပ်ရင်း
ဆန္ဒအပျက်အခင်းကြားက
လမင်းကိုပြန်ဆုံတွေ့နိုင်ဖို့ဆိုတာ
နိုးတစ်ဝက်အိပ်ပျက်ညမှာ
ယောင်ရမ်းမက်တဲ့ဆောင်းအိပ်မက်လို
ငါ့အတွက်  အငွေ့ပျံမြန်လွန်းတယ်။
လမင်းရေ......
ချစ်ခွင့်မရှိတဲ့ နင့်ရင်ခွင်ကိုတမ်းတလို့
လောင်ကျွမ်းခဲ့ရ နှလုံးသားတစ်စုံနှင့်
သတိရခြင်းကျောက်စာကို
ငါ့နှလုံးသားနံရံမှာထွင်းထုပြီး
သက္ကရာဇ်တွေပြောင်းလဲလာတိုင်း
မပြောင်းလဲတဲ့Valentine'dayမှာ
ငါတစ်ယောက်တည်း
နင့်ကို....လွမ်းနေခဲ့ရ

No comments:

Post a Comment