ငါ့အမှား


သူပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားကို
သေချာသဘောမပေါက်ဘဲ
အယူမှားခဲ့တဲ့ငါ
စိတ်ကူးယဉ်အိပ်မက်တွေ
မက်ခဲ့မိတာ ငါ့အမှားပေါ့။

မဖြစ်နိုင်တဲ့ နင်ရဲ့သတိရခြင်းကိုမှ
တောင်းတမိတာ ငါအမှားပေါ့
ထွေးနွေးစွာနမ်းခွင့်မရှိ
ယုယစွာပိုက်ထွေးခွင့်မရနိုင်တဲ့
ဝေးကွာမှုမျိုးမှာ
နင်စကား ဘာကြွင်းကြွင်း
ယုံကြည်နေမိတဲ့ ငါအမှားပေါ့။

နင် ကျေနပ်မှာပါ ချစ်သူ.....
နင်ပြောခဲ့တယ်လေ
မဆုံနိုင်တဲ့ နင်ကိုချစ်ခဲ့မိတာ
ငါ့အမှားလို့ပေါ့။

ဟုတ်ပါတယ်
ငါလုပ်ရပ်တွေ မမှန်ကန်ခဲ့ဘူးပဲထားပါ
ဒါပေမဲ့....
၇ိုးသားစွာ ချစ်ခဲ့မိတဲ့
ငါနှလုံးသားမမှားဘူးဆိုတာ
နင်သိလာတဲ့တစ်နေ့ မှာ
ငါဆီပြန်လာချင်တယ်ဆို၇င်
ငါ့အမှားကနေနင်အမှားလို့
ငါပြန်ပြောမိလိမ့်မယ်ချစ်သူ.........

Tuesday, April 9, 2013



***ဘ၀ဟူသည် စိတ်မပျက်နဲ့..***
ဘ၀ဆိုတာ အစကထဲက..
သီအိုရီတွေနဲ့ ပုံသေနည်းတွေ
ထုတ်ခဲ့တာ မရှိဘူးလေ..
အကြင်နာတစ်ပြန်
ဝေဒနာတစ်လှည့်နဲ့..
ချောမွေ့တဲ့ လှေကားထစ်တွေရှိသလို..
အံတုကာ ရုန်းကန်ရမယ့်
ခါးသီးခြင်းတွေ ပြည့် နှက်တဲ့..
အကြင်နာကင်းမဲ့ လမ်းကိုလည်း..
ရှောင်လွှဲလို့ မရဘူးလေး..
ဘ၀စီဆင်းမှုကို
ပရက်တီကယ်တွေ လုပ်ပြီးမှ
ဖြတ်သန်းခွင့်မရခဲ့တာ..
ပြောင်းလဲမှုတွေရဲ့ ကံကြမ္မာကြား
ရေစုန်မျောလိုက်..
ရေဆန်တက်လိုက်နဲ့..
ဘ၀ရဲ့ စုန်ချည် ဆန်ချည်ကြား..
ပန်းတိုင်ရောက်ဖို့
လက်ပစ်ကိုကူး...ဖြတ်သန်းကြရမှာပဲလေ......။

No comments:

Post a Comment