ငါ့အမှား


သူပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားကို
သေချာသဘောမပေါက်ဘဲ
အယူမှားခဲ့တဲ့ငါ
စိတ်ကူးယဉ်အိပ်မက်တွေ
မက်ခဲ့မိတာ ငါ့အမှားပေါ့။

မဖြစ်နိုင်တဲ့ နင်ရဲ့သတိရခြင်းကိုမှ
တောင်းတမိတာ ငါအမှားပေါ့
ထွေးနွေးစွာနမ်းခွင့်မရှိ
ယုယစွာပိုက်ထွေးခွင့်မရနိုင်တဲ့
ဝေးကွာမှုမျိုးမှာ
နင်စကား ဘာကြွင်းကြွင်း
ယုံကြည်နေမိတဲ့ ငါအမှားပေါ့။

နင် ကျေနပ်မှာပါ ချစ်သူ.....
နင်ပြောခဲ့တယ်လေ
မဆုံနိုင်တဲ့ နင်ကိုချစ်ခဲ့မိတာ
ငါ့အမှားလို့ပေါ့။

ဟုတ်ပါတယ်
ငါလုပ်ရပ်တွေ မမှန်ကန်ခဲ့ဘူးပဲထားပါ
ဒါပေမဲ့....
၇ိုးသားစွာ ချစ်ခဲ့မိတဲ့
ငါနှလုံးသားမမှားဘူးဆိုတာ
နင်သိလာတဲ့တစ်နေ့ မှာ
ငါဆီပြန်လာချင်တယ်ဆို၇င်
ငါ့အမှားကနေနင်အမှားလို့
ငါပြန်ပြောမိလိမ့်မယ်ချစ်သူ.........

Tuesday, April 9, 2013


ချစ်သူသို့ တမ်းချင်း (ရှစ်လုံးဖွဲ့)

နွေဆီမှာလင်း၊ နေမင်းသူရိန်
နေ့ခင်းပူလျက်၊ အိပ်မက်ဆိတ်ငြိမ်
ဆည်းဆာကိုခိုး၊ ညဆိုးကြယ်ရှိန်
နေမရ၊ နွေညလရိပ်ထိန်။

လေပြေခုည၊ မုချလာသော်
သည်ချိန်လရိပ်၊ ညအိပ်မပျော်
မောင်စက်ရာခန်း၊ လင်းတန်းကိုမျှော်
ပြတင်းနား၊ မေ့အားလွမ်းလှနော်။

တစ်ကိုယ်တည်းမို့၊ ရင်ဆို့ရာသီ
ဖော်ကွာလှမ်းဝေး၊ ဖြေတွေးခက်ပြီ
ကြင်သူသက်ထား၊ ရင်ကြားဝေစည်
ပျို့မှာတမ်း၊ မောင်လွမ်းရပ်ဝေးမှီ။

တစ်ကြိမ်ဆုံနိုး၊ မျှော်ကိုးကာလေ
သည်ဌာနေသို့၊ ပြန်ဖို့ခက်နေ
မောင်လေကြိုးစား၊ ပျိုအားမှာစေ
နွေကြိုတေး၊ ပိုဆွေးမောင့်သက်သေ။ ။

တောက ကိုရ

No comments:

Post a Comment