ဝေးလွင့်ခြင်း တိမ်
ဝေးလွင့်ခြင်း တိမ် - နှောင်ကြိုးနွယ် (ဓါတ်ပုံ - မိုက်ကယ်လ်)
ဖြူစင်ခြင်း ကောင်းကင်ယံက
ရိတ်သိမ်းခြင်း ခံလိုက်ရတဲ့ တိမ်တွေ
ငါတို့ မျက်ဝန်းမှာ
တောင်ပုံ ယာပုံပဲ
မဲညစ်လာတဲ့ မြေပြင်မှာ
နီရဲလာတဲ့ ကွင်းပြင်တွေ
တရိပ်ရိပ် ပြေးလွှားနေတဲ့ အသံ
အလင်းရဲ့သွားနှုန်းတွေ နောက်ကျန်နေခဲ့
၃၆၀ ဒီဂရီ စက်ဝန်းထဲက မေတ္တာတရားတွေ
မှန်ကန်လွန်းအားကြီးလို့ ထင်ရဲ့လေ
အခုဆို သူတို့ ကမ္ဘာ့အပြင်မှာ စုဝေးနေကြတယ်
မေမေရေ ................................
မေမေရေ ......................................
မေမေရေ ................................................
သားတို့ နို့တစ်စက်ဖိုး ကျေဖို့ အခွင့်အရေး ရပါဦးမလား

No comments:
Post a Comment