ငါ့အမှား


သူပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားကို
သေချာသဘောမပေါက်ဘဲ
အယူမှားခဲ့တဲ့ငါ
စိတ်ကူးယဉ်အိပ်မက်တွေ
မက်ခဲ့မိတာ ငါ့အမှားပေါ့။

မဖြစ်နိုင်တဲ့ နင်ရဲ့သတိရခြင်းကိုမှ
တောင်းတမိတာ ငါအမှားပေါ့
ထွေးနွေးစွာနမ်းခွင့်မရှိ
ယုယစွာပိုက်ထွေးခွင့်မရနိုင်တဲ့
ဝေးကွာမှုမျိုးမှာ
နင်စကား ဘာကြွင်းကြွင်း
ယုံကြည်နေမိတဲ့ ငါအမှားပေါ့။

နင် ကျေနပ်မှာပါ ချစ်သူ.....
နင်ပြောခဲ့တယ်လေ
မဆုံနိုင်တဲ့ နင်ကိုချစ်ခဲ့မိတာ
ငါ့အမှားလို့ပေါ့။

ဟုတ်ပါတယ်
ငါလုပ်ရပ်တွေ မမှန်ကန်ခဲ့ဘူးပဲထားပါ
ဒါပေမဲ့....
၇ိုးသားစွာ ချစ်ခဲ့မိတဲ့
ငါနှလုံးသားမမှားဘူးဆိုတာ
နင်သိလာတဲ့တစ်နေ့ မှာ
ငါဆီပြန်လာချင်တယ်ဆို၇င်
ငါ့အမှားကနေနင်အမှားလို့
ငါပြန်ပြောမိလိမ့်မယ်ချစ်သူ.........

Wednesday, July 23, 2014

ချစ်သူဖတ်ရန် 

တောကျွမ်းပါတယ်ဆိုတဲ့ မုဆိုးတွေတောင်
တခါတလေ သားကောင်အောက်မှာ ကျဆုံးတတ်တယ်

ရေပြင်နဲ့ ရင်းနှီးပြီးသား တံငါတွေတောင်
 
တခါတလေ လှိုင်းတပိုးအောက်မှာ ကျဆုံးတတ်တယ်

တိုက်ခိုက်စွမ်းရည် မြင့်မားတဲ့ စစ်သည်တော်တွေတောင်
 
တခါတလေ ရန်သူအောက်မှာ ကျဆုံးတတ်တယ်

ပါးနပ်ပါတယ်ဆိုတဲ့ လောင်းကစားဒိုင်တွေတောင်
 
တခါတလေ ထိုးသားအောက်မှာ ကျဆုံးတတ်တယ်

မြွေတွေနဲ့ ယဉ်ပါးပြီးသား အလိမ်ပါယ်ဆရာတွေတောင်
 
တခါတလေ မြွေဆိပ်အောက်မှာ ကျဆုံးတတ်တယ်

အချစ်ရေးမှာ ကျွမ်းကျင်ပါတယ်ဆိုတဲ့ ချစ်သူလည်း
 
ချွတ်ချော်တိမ်းပါးပြီး တခြားသူတွေရဲ. စကားတွေနဲ့

မကျဆုံးပါစေနဲ့

No comments:

Post a Comment