ငါ့အမှား


သူပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားကို
သေချာသဘောမပေါက်ဘဲ
အယူမှားခဲ့တဲ့ငါ
စိတ်ကူးယဉ်အိပ်မက်တွေ
မက်ခဲ့မိတာ ငါ့အမှားပေါ့။

မဖြစ်နိုင်တဲ့ နင်ရဲ့သတိရခြင်းကိုမှ
တောင်းတမိတာ ငါအမှားပေါ့
ထွေးနွေးစွာနမ်းခွင့်မရှိ
ယုယစွာပိုက်ထွေးခွင့်မရနိုင်တဲ့
ဝေးကွာမှုမျိုးမှာ
နင်စကား ဘာကြွင်းကြွင်း
ယုံကြည်နေမိတဲ့ ငါအမှားပေါ့။

နင် ကျေနပ်မှာပါ ချစ်သူ.....
နင်ပြောခဲ့တယ်လေ
မဆုံနိုင်တဲ့ နင်ကိုချစ်ခဲ့မိတာ
ငါ့အမှားလို့ပေါ့။

ဟုတ်ပါတယ်
ငါလုပ်ရပ်တွေ မမှန်ကန်ခဲ့ဘူးပဲထားပါ
ဒါပေမဲ့....
၇ိုးသားစွာ ချစ်ခဲ့မိတဲ့
ငါနှလုံးသားမမှားဘူးဆိုတာ
နင်သိလာတဲ့တစ်နေ့ မှာ
ငါဆီပြန်လာချင်တယ်ဆို၇င်
ငါ့အမှားကနေနင်အမှားလို့
ငါပြန်ပြောမိလိမ့်မယ်ချစ်သူ.........

Wednesday, July 23, 2014

ထပ်တူအချိုးကျ

မမေးနဲ့ ပြောပြပြီးသား
ရင်မှာဘယ်လောက်ချစ်ကြောင်းကို

မတွေးနဲ့ ဆုံးဖြတ်ပြီးသား
 
ရင်ဆိုင်သွားမယ်အားလုံးကို

မသွားနဲ့ တောင်းဆိုပြီးသား
 
ငါနဲ့ဝေးရာအရပ်ကို

မငြင်းနဲ့ ပေးခဲ့ပြီးသား
 
နားလည်မှုနဲ့ ချစ်ခြင်းကို

မဟားနဲ့ ရှုံးနိမ့်ပြီးသား
 
ချစ်ခြင်းအတိနဲ့ရင်ထဲကို

ဒီလို
 

အရာရာခွင့်လွှတ်
 
လက်ကျန်ကုန်အောင်ပေးထားလို့များ
ဘာမှမသိ နတ္ထိလူသား
အထင်မှား

ငါ့ချစ်သူ မင်း .. ဖောက်ပြားရင်ဖြင့်
 
ငါ၏ချစ်ခြင်း ပြောင်းပြန်ဆင်းလို့

အမုန်းနယ်နိမိတ်မှာ
 
တိတ်ဆိတ်စွာ အိပ်စက်ပစ်မယ်

ချစ်ခြင်းနဲ့ထပ်တူအချိုး ....

No comments:

Post a Comment