( ပစ္စုပ္ပန်ကာလတွင် ပြုမှုလုပ်ဆောင်ချက်ပြီးစီးခြင်း
အတိတ်တစ်ချိန်ချိန် စတင်လုပ်ဆောင်ခဲ့သော အပြုအမူတစ်ရပ်သည် ယခုပြောဆိုနေဆဲအချိန်တွင် ပြီးစီးကြောင်း ပြောဆိုဖြေကြားရာမှာ သုံးစွဲရပါတယ်။
ပုံစံ။ ။
Subj က I , We , You , They (အများကိန်း) ဖြစ်လျှင် Verb မှာ have + V3 လိုက်ရပါတယ်။
Subj က He , She , It (အနည်းကိန်း) ဖြစ်လျှင် Verb မှာ has + V3
လိုက်ရပါတယ်။
ဥပမာ ။ ။
Have you done your work?
ခင်ဗျား အလုပ် ပြီးပြီလား။
I have done my work.
ကျွန်တော်ရဲ့ အလုပ်ပြီးစီးပြီ။
Have you seen this film?
ခင်ဗျား ဒီဇာတ်ကားကြည့်ပြီးပြီလား။
Yes, I've seen it . / No, I haven't.
ဟုတ်ကဲ့ အဲဒါ ကြည့်ပြီးပါပြီ။ ဟင့်အင်း ကျွန်တော် မကြည့်ရသေးဘူး။
Have you had your dinner?
ခင်ဗျား ညစာ စားပြီး ပြီလား။
Yes, I've had my dinner.
ဟုတ်ကဲ့ ၊ ကျွန်တော် ညစာ စားပြီးပြီ။
No, I haven't had my dinner yet.
ဟင့်အင်း ၊ ကျွန်တော် ညစာ မစားရသေးဘူး။
မှတ်ချက် ။ ။ ( Present Perfect Tense ) တွင် already, just , yet , ever , never , since , for တွေနဲ့လည်း တွဲသုံးနိုင်ပါတယ်။
She has already gone to school.
သူမ ကျောင်းကို သွားပြီ။
The train has just left the station.
ရထား ယခုလေးတင် ဘူတာမှ ထွက်ခွါသွားတယ်။
He hasn't finished it yet.
သူ အဲ့ဒါကို မပြီးစီးသေးဘူး။
They have come back home since yesterday.
သူတို့ မနေ့ကတည်းက အိမ်ပြန်ရောက်ကြပြီ။
We have waited for the bus for an hour.
ကျွန်တော်တို့ ဘတ်(စ်)ကားစောင့်နေခဲ့တာ တစ်နာရီကြာတယ်။
Have you ever been to England?
မင်း အင်္ဂလန်ကို ရောက်ဖူးသလား။
ှု I have ever been to England before.
ကျွန်တော် အင်္ဂလန်ကို ယခင်က မရောက်ခဲ့ဖူးပါဘူး။
ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်
No comments:
Post a Comment