ငါ့အမှား


သူပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားကို
သေချာသဘောမပေါက်ဘဲ
အယူမှားခဲ့တဲ့ငါ
စိတ်ကူးယဉ်အိပ်မက်တွေ
မက်ခဲ့မိတာ ငါ့အမှားပေါ့။

မဖြစ်နိုင်တဲ့ နင်ရဲ့သတိရခြင်းကိုမှ
တောင်းတမိတာ ငါအမှားပေါ့
ထွေးနွေးစွာနမ်းခွင့်မရှိ
ယုယစွာပိုက်ထွေးခွင့်မရနိုင်တဲ့
ဝေးကွာမှုမျိုးမှာ
နင်စကား ဘာကြွင်းကြွင်း
ယုံကြည်နေမိတဲ့ ငါအမှားပေါ့။

နင် ကျေနပ်မှာပါ ချစ်သူ.....
နင်ပြောခဲ့တယ်လေ
မဆုံနိုင်တဲ့ နင်ကိုချစ်ခဲ့မိတာ
ငါ့အမှားလို့ပေါ့။

ဟုတ်ပါတယ်
ငါလုပ်ရပ်တွေ မမှန်ကန်ခဲ့ဘူးပဲထားပါ
ဒါပေမဲ့....
၇ိုးသားစွာ ချစ်ခဲ့မိတဲ့
ငါနှလုံးသားမမှားဘူးဆိုတာ
နင်သိလာတဲ့တစ်နေ့ မှာ
ငါဆီပြန်လာချင်တယ်ဆို၇င်
ငါ့အမှားကနေနင်အမှားလို့
ငါပြန်ပြောမိလိမ့်မယ်ချစ်သူ.........

Wednesday, August 6, 2014

အင်္ဂလိပ် သဒ္ဒါ အသုံးပုံစံ
----------------------------
Though , Although , Even though , Despite , In spite of
အသုံးများကိုလေ့လာကြည့်ရအောင်...Though , Although , Even though
များဟာ Adverb Clauses များဖြစ်ပါတယ်...Though နဲ့ Although က
သော်လဲပဲ ၊ ပေမဲ့ လို့ အဓိပ္ပါယ်ရပြီး...Even though က သော်လဲပဲတောင်မှ
ဒါတောင်မှ ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်..နောက်လိုက်ရမဲ့ စာကြောင်းသည်
Sub + Verb ပြည့်စုံတဲ့ စာကြောင်းဖြစ်ရပါမယ်......ဥပမာ
Although The exam was difficult , I think I did well.
( စာမေးပွဲက ခက်ခဲပေမဲ့...ကျနော်ကာင်းကောင်းဖြေနိုင်ခဲ့တယ်ထင်ပါတယ်)
Even though the exam was easy, I failed.
( စာမေးပွဲက လွယ်တာတောင်မှ ကျနော် ကျတယ် )
Despite နဲ့ In spite of က ၀ိဘတ် ( Preposition ) များဖြစ်ပါတယ်..နောက်
က စာစု ( Phrase )ပဲလိုက်ပါမယ်။ သော်လဲပဲ၊ ပေမဲ့ လို့ပဲ အဓိပ္ပါယ်ရပါတယ်။
Despite ( In spite of ) his best efforts, the man just couldn't succeed.
( အကောင်းဆုံးကြိုးစားပေမဲ့.....သူမအောင်မြင်ခဲ့ဘူး )
Despite wanting to see him again, she refused to reply to his letters.
( သူ့ကို နောက်တစ်ကြိမ်တွေ့ချင်ပေမဲ့ ..သူမကသူ့ဆီကိုစာပြန်ဖို့ ငြင်းဆန်ခဲ့တယ်

No comments:

Post a Comment